Quantcast
Channel: Opinion
Viewing all articles
Browse latest Browse all 140

ကြွေလွင့်သွားသော ဒီမိုကရေစီကြယ်တစ်ပွင့်

$
0
0
ဒီချုပ်ဥက္ကဋ္ဌဟောင်းဦးအောင်ရွှေ၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာသူများက ဂါဝရပြုနေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကိုစတင်တည်ထောင် သူထဲတွင် တစ်ဦးအပါအ၀င်ဖြစ် သည့် ဦးအောင်ရွှေ၏နောက်ဆုံး ခရီးကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များ နှင့် ပါတီဝင်များသာမက ဒီမိုက ရေစီအရေးလှုပ်ရှားသူများ ရာနှင့် ချီ၍ တက်ရောက်ဂါရ၀ပြုနှုတ် ဆက်ခဲ့သည်။

စစ်သားအိုနိုင်ငံရေးသမား ကြီးဦးအောင်ရွှေသည် ခေတ်အ ဆက်ဆက်အာဏာရှင်များ၏ အ မျိုးမျိုးသော ဖိနှိပ်ကန့်သတ်မှုနှင့် ချေမှုန်းမှုများကို အခိုင်အမာရင် ဆိုင်ခုခံကာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို ဂုဏ်သိက္ခာရှိသော ဒီမိုကရေစီပါတီတစ်ရပ်အဖြစ် ရပ်တည်နိုင်ရန် ဦးဆောင်ရုန်းကန်ခဲ့သူတစ်ဦးအဖြစ် လက်ရှိအာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်သည်။

ဒီချုပ်ဥက္ကဋ္ဌဟောင်း ဦး အောင်ရွှေသည် ဒီမိုကရေစီလှုပ် ရှားမှု သေဆုံးမသွားစေရန်နှင့် ဆက်လက်ရှင်သန်စေရန် တာဝန် ယူလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဦးအောင်ရွှေ၏ရုပ်အလောင်း ဘေးတွင်မတ်တတ်ရပ်၍အောက် မေ့စကားဆိုခဲ့သည်။

‘‘ကျွန်မတို့ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဒီလိုခေါင်းဆောင် ကောင်းတစ်ယောက်ရခဲ့တာ အင် မတန်မှ ကံကောင်းပါတယ်။ ဒီလို ခေါင်းဆောင်ကောင်း ရခဲ့လို့ လည်း ကျွန်မတို့အဖွဲ့ချုပ်ဟာ ရပ် တည်နိုင်တာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ခေါင်း ဆောင်ဟောင်းဦးအောင်ရွှေ၏ ဂုဏ်ကျေးဇူးကို မှတ်မှတ်ရရပြော ကြားသည်။

အသက်(၁၀၁)နှစ် ထဲ ရောက် လာချိန်ဩဂုတ် ၁၃ ရက် ည ၉ နာရီ ၃၆ မိနစ်တွင် ကွယ်လွန်ခဲ့သူဦးအောင်ရွှေသည် အသက်(၉၀)ကျော် အရွယ်အထိ ကိုယ်ကျိုးနှင့်နာမည်ရဖို့မဟုတ်ဘဲ တာဝန်သိစိတ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ခဲ့သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဦးအောင်ရွှေသည် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဗမာ့ လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ ကာကွယ်ရေးတပ်မတော်နှင့် ဗ မာ့မျိုးချစ်တပ်မတော်တို့တွင် ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့်ဖက် ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ ၁၉၄၅ ကစ၍တပ်မတော်(ကြည်း) တွင် ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။

၁၉၆၁ မှ ၁၉၇၅ အထိ မြန် မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဩစတြေးလျနှင့်နယူးဇီလန်ကို ပူးတွဲတာဝန်ယူသည်။ ထို့အပြင် အီဂျစ်၊ ပြင်သစ်(စပိန်နှင့် ယူနက် စကိုအဖွဲ့တို့ပါ ပူးတွဲ၍)တာဝန် ယူခဲ့ပြီး ၁၉၇၅ ၌ အငြိမ်းစားယူ ခဲ့သည်။

ဦးအောင်ရွှေသည် မော် ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ ဂုဏ်ရည်(ပထမအဆင့်)တို့ကို ချီး မြှင့်ခြင်းခံခဲ့ရသည်။ သူသည် ၁၉၄၀ တွင်ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့သူလည်းဖြစ်သည်။

၁၉၈၈ စက်တင်ဘာ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ဦးအောင်ရွှေက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ပါဝင်ပြီး စည်းရုံးရေးဌာနမှူးဖြစ်လာခဲ့သည်။ ထို့နောက် ဒီချုပ်တွင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း (၂၀) ခန့် တာဝန်ယူဦးဆောင်ခဲ့သည်။

ယင်းကဲ့သို့မြန်မာ့ဒီမိုကရေ စီအရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သူ၊ ပါတီကိုဦးဆောင် ဦးရွက်ပြုသူတစ်ဦး၏ နောက်ဆုံး ခရီးတွင် ၎င်း၏ရုပ်အလောင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံဖြင့် လွှမ်းခြုံကာ ဒီမို ကရေစီလိုလားသူများက လိုက်ပါ ပို့ဆောင်သည်။

‘‘ကျွန်တော်တို့ ဒီမိုကရေစီ တိုက်ပွဲကာလမှာ အခက်အခဲ အ ကျပ်အတည်းအမျိုးမျိုးကြားထဲ က၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ တိုက်ပွဲရဲ့ရှေ့တန်းမှာ ဦးဆောင် ဦးရွက်ပြုနေတဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို နည်းမျိုးစုံနဲ့ရိုက် ခွဲချေဖျက်ဖို့ ကြိုးစားပေမယ့် လည်း ဘဘဦးအောင်ရွှေအပါအ ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ခေါင်းဆောင်တွေရဲ့ ကြံ့ ကြံ့ခံမှုဟာ ဒီနေ့မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အထောက်အကူ ပေးခဲ့တယ်ဆိုတာကို ယုံကြည်ပါ တယ်’’ ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်ဦးဂျင်မီက ဦး အောင်ရွှေ၏ ဈာပနတွင် အမှတ် တရစကားဆိုသည်။

ဩဂုတ် ၁၇ ရက်က ရေဝေး သုသာန်တွင်ပြုလုပ်သော ဦး အောင်ရွှေ၏ ဈာပနအခမ်းအနား သို့ မိသားစုဝင်များနှင့်အတူ ရပ် ဝေးမှ ဒီချုပ်အဖွဲ့ဝင်များလည်း တက်ရောက်သည်ကို တွေ့ရ သည်။ တက်ရောက်သူများပြား သောကြောင့် ခန်းမအတွင်းနေရာ မဆံ့ဘဲ ဦးအောင်ရွှေ၏ရုပ်အ လောင်းကို လမ်းလျှောက်၍သာ အလှည့်ကျ နှစ်ယောက်စီတန်း ကာ ဂါရ၀ပြုရန်စီစဉ်ခဲ့ရသည်။

ဦးအောင်ရွှေ၏ ရုပ်အ လောင်းရှေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တို့က ပေးပို့သည့် လွမ်းသူ့ပန်းခြင်း၊ ကျန်ရစ်သူမိသားစုများ၏ လွမ်းသူ့ပန်းခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ လွမ်းသူ့ပန်းခြင်း စသည့်ပန်းခြင်းသုံးခုကို အတန်း လိုက်ချထားသည်။

ရုပ်အလောင်း၏ နောက် ဘက်၊ လွမ်းသူ့ပန်းခြင်းစင်မြင့် တွင်အနယ်နယ်အရပ်ရပ်မှ ဒီချုပ် ပါတီဝင်တို့၏ပန်းခြင်းများ၊ တ ရုတ်၊ ဂျပန်၊ ပြင်သစ်၊ အစ္စရေး၊ အင်ဒိုနီးရှား၊ နော်ဝေးအစရှိသည့် သံရုံးများမှ လွမ်းသူ့ပန်းခြင်းများ စွာ နေရာယူထားသည်ကိုလည်း မြင်တွေ့ရသည်။ မိသားစုဝင်များ က ကွယ်လွန်သူဦးအောင်ရွှေကို ကန်တော့ကြပြီးနောက် ဒေါ် အောင်ဆန်းစုကြည်အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင်များ က အသီးသီးကန်တော့ခဲ့ကြ သည်။

‘‘ဒီနေ့ ဘဘဦးအောင်ရွှေကို ဂုဏ်ပြုတဲ့အခါမှာ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့လည်း ဂုဏ်ပြုတာဖြစ်ပါ တယ်။ တပ်မတော်အရာရှိကြီး ဟောင်းတစ်ဦးအနေနဲ့လည်းဂုဏ် ပြုတာဖြစ်ပါတယ်။ သံအမတ် ကြီးဟောင်းတစ်ဦးအနေနဲ့လည်း ဂုဏ်ပြုတာဖြစ်ပါတယ်’’ ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အ မှတ်တရစကားတွင် ထည့်သွင်း ပြောကြားသည်။

လွန်ခဲ့သည့် (၂၆)နှစ် ၁၉၉၁ ကပါတီ၏ အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် အား ပါတီမှထုတ်ပစ်ခဲ့၍ပါတီဝင် အချို့၏မုန်းတီးမှုကို ဦးအောင် ရွှေခံခဲ့ရဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်း၏  သ မီးဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပစ်ခြင်းသည် နေရာ ရယူလိုသည့်အတွက်မဟုတ်ဘဲ ဗိုလ်ချုပ်ကို ကျေးဇူးဆပ်ရန်နှင့် အဖွဲ့ချုပ်ဆိုင်းဘုတ်ပြုတ်မကျရန် အဖွဲ့ချုပ်ပါတီအလံမကျရေးတို့ အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟု ဦးအောင်ရွှေကပြောကြားခဲ့ ကြောင်း လက်ရှိပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ဈာပန အခမ်းအနားတွင် ပြောကြား သည်။

‘‘ဗိုလ်ချုပ်ရဲ့သမီးကို ကျွန် တော်တို့ရဲ့တာဝန်အရ ၀ိုင်းဝန်း ကူညီပံ့ပိုးစောင့်ရှောက်ရမယ့်တာ ၀န်ရှိတယ်။ ဒီအတွက် ဒီလိုခံယူ ချက်နဲ့ ကျွန်တော်တို့လုပ်နေကြ တာပါလို့ ဒီလိုလည်းညွှန်ကြားခဲ့ ပါတယ်’’ ဟု ဦးဝင်းမြင့်က ဥက္ကဋ္ဌ ဟောင်းဦးအောင်ရွှေအပေါ် အ ထင်လွဲမှားမှုများအတွက် ရှင်း လင်းပြောကြားသည်။

ထို့အပြင် ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲဝင်ရေး၊ မ၀င် ရေးသဘောထားကွဲလွဲသည့်အ ချိန်တွင်လည်း ဥက္ကဋ္ဌဟောင်းဦး အောင်ရွှေက ရွေးကောက်ပွဲဝင် ရေး၊ မ၀င်ရေးသည်အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားအတိုင်း ပါတီ ၀င်အားလုံးက စည်းလုံးညီညွတ် စွာရပ်တည်ပေးရန် ၎င်းကိုယ် တိုင်စာရေး၍ မေတ္တာရပ်ခံခဲ့ ကြောင်း ဦးဝင်းမြင့်က အမှတ်တ ရစကားဆိုသည်။

ဦးအောင်ရွှေသည် စည်း ကမ်းအလွန်ကြီးသူဖြစ်ပြီး ပြဿ နာကိစ္စရပ်များကို ပါးနပ်စွာကိုင် တွယ်ဖြေရှင်းနိုင်ခြင်းက မိသားစု ၀င်များအတွက် ဂုဏ်ယူစရာဖြစ် ကြောင်း တူမတော်စပ်သူဒေါ်ဖြူ ဖြူစိုးသော်က မှတ်ချက်ပြုသည်။

‘‘လုပ်စရာရှိတဲ့အလုပ်ကို တည်တည်ငြိမ်ငြိမ်လုပ်ဆောင်ခဲ့ တဲ့အတွက် ဘဘကြီးကျေနပ်မယ် လို့ထင်ပါတယ်’’ ဟု ၎င်းကယုံ ကြည်စွာပြောသည်။

ဒီချုပ်ဥက္ကဋ္ဌဟောင်း ဦး အောင်ရွှေသည် မကွယ်လွန်မီအ ချိန်အထိ ပါတီအပေါ်နှင့် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အပေါ် သစ္စာရှိသူတစ်ဦးဖြစ် ပြီး ဒီမိုကရေစီအရေးတွင်လည်း ခိုင်မာသည့်သစ္စာရှိသူတစ်ဦးဖြစ် ကြောင်း ၎င်းနှင့်နှစ်ပေါင်းသုံး ဆယ်နီးပါးခင်မင်ရင်းနှီးသည့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ် တမ်းပြုစုခဲ့သူမုံရွာအောင်ရှင်က သုံးသပ်သည်။

‘‘ကျွန်တော်သူ(ဦးအောင် ရွှေ)မကွယ်လွန်ခင် သုံးလ လောက်က သူ့ဆီရောက်ပါ တယ်။ သူကျေကျေနပ်နပ်ရှိပါ တယ်။ သို့သော် အသက်အရွယ် က ဆက်တော့မလုပ်နိုင်ဘူးပေါ့။ ပါတီအတွက် အိမ်ကနေ အကြံ ဉာဏ်ပေးတာတွေရှိတယ်။ ပါတီ လူငယ်မျိုးဆက်တွေကို ပါတီအ တွက် သစ္စာရှိအောင်၊ အလုပ် လုပ်နိုင်အောင် မြှင့်တင်ပေးနိုင်ခဲ့ တာတွေရှိပါတယ်’’ ဟု မုံရွာ အောင်ရှင်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးအောင်ရွှေ၏စိတ်ဓာတ် သည် ဒီမိုကရေစီရရှိရေး၊ ဒီမိုက ရေစီနိုင်ငံအဖြစ်ရပ်တည်ရေးအ တွက် အစဉ်မားမားမတ်မတ်ရှိခဲ့ ကြောင်း အမှတ်တရစကား၌ ထည့်သွင်းပြောဆိုသည်။

ထို့အတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်း ဆောင်တစ်ဦးအပေါ် ဂုဏ်ပြုလို သည့်နည်းလမ်းကို မြန်မာ့ဒီမိုက ရေစီပြယုဂ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောကြား သည်။

‘‘ကျွန်မတို့အားလုံးစစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုထူထောင်နိုင်ဖို့အတွက် ၀ိုင်းဝန်း ပြီးတော့ လုပ်ကြမယ်ဆိုတဲ့ သံန္နိ ဋ္ဌာန်နဲ့ဂုဏ်ပြုတာဟာ အကောင်း ဆုံးဂုဏ်ပြုခြင်းဖြစ်ပါတယ်’’

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဟောင်းဦးအောင်ရွှေ အား ဂါရ၀ပြုအမိန့်ပြန်တမ်းကို ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင်ဦး ဉာဏ်ဝင်းက ဖတ်ကြားခဲ့သည်။ ဦးဉာဏ်ဝင်းက ‘‘အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အား ၁၉၈၈ မှ ၂၀၁၀ အထိ ဗဟိုအလုပ်အမှု ဆောင်ကော်မတီအဖွဲ့ဝင်နှင့် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင် ခဲ့ပြီး အာဏာပိုင်အဆက်ဆက်၏ အမျိုးမျိုးသော ဖိနှိပ်ကန့်သတ်မှု နှင့် ချေမှုန်းမှုများကို အခိုင်အမာ ရင်ဆိုင်ခုခံလျက် ဂုဏ်သိက္ခာရှိရှိ ဒီမိုကရေစီပါတီတစ်ရပ်အဖြစ် ရပ်တည်နိုင်အောင် ဦးဆောင်ရုန်း ကန်ကြိုးပမ်းခဲ့ပါသည်။ မြင့်မြတ် သော ကျေးဇူးတရားသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တည်ရှိ နေသရွေ့ ပျောက်ကွယ်သွားမည် မဟုတ်ပါ။ ယခုအခါ ဥက္ကဋ္ဌကြီး သည် လူသားအားလုံးလွန်ဆန်၍ မရနိုင်သော အနိစ္စတရားအဖြစ် ဘ၀တစ်ပါးသို့ကွယ်လွန်ပြောင်း ရွှေ့ခဲ့ပြီဖြစ်ပါသည်။ သို့ပါ၍ ဥက္ကဋ္ဌကြီးသည် မိမိကုသိုလ်ကံ တရားအရ အလိုရှိရာ ဘုံဗိမာန် သို့ သွားရောက်နိုင်ပြီ။ ဂါရ၀ပြု အမိန့်ပြန်ကြားအပ်ပါသည်’’ ဟု ဖတ်ကြားခဲ့သည်။


Viewing all articles
Browse latest Browse all 140

Trending Articles


Myanmar – English Dictionary (Pdf)


စင်ကာပူမှာ ၆ နာရီအတွင်း ၂ ကြိမ် မုဒိမ်းကျင့်ခံရတဲ့ အသက် ၃၅ နှစ်ရှိ မြန်မာအိမ်အကူ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ် ကြေညာခြင်း


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ် - ၀မ်ပုံသွားကားလမ်းပေါ်တွင် ယာဉ်တစ်စီး လမ်းဘေးသို့ အရှိန်လွန်သွား၍...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??